Friday, November 8, 2013

မောင်တောမြို့ ဗိုလ်မှူးရွာကို မီးရှို့တိုက်ခိုက်သူ (၆၈)ဦး ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့ ဗိုလ်မှူးရွာအား အကြမ်းဖက် မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သူ ၆၈ ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးက အောက်တိုဘာလ ၃၀ ရက်နေ့က ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

စုစုပေါင်း ၇၃ ဦးကို ရုံးတင် စစ်ဆေးခဲ့ပြီး ၅ ဦးကို တရားသေလွှတ်ကာ ကျန် ၆၈ ဦးကို ထောင်ချလိုက်ခြင်း ဖြစ်ကြောင်း ဘူးသီးတောင်ရဲစခန်းမှ အဆင်မြှင့် ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ မောင်တောမြို့ ဗိုလ်မှူးရွာကို အကြမ်းဖက် မီးရှို့တိုက်ခိုက်ရာမှာပါဝင်မူနဲ့ ဆက်စပ် ဖမ်းဆီး ခံထားရသူ လူပေါင်း ၇၃ ဦး အထဲက ၅ ဦးကို တရားသေ လွှတ်ပေးလိုက်ပြီး ကျန် ၆၈ ဦးကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။ ထောင်ချခံရသူတွေက ဘင်္ဂလီ မွတ်ဆလင်တွေပါ” ဟု ၎င်းက ဆိုသည်။

MaungDawRioters
ယခု ထောင်ချခံရသူများမှာ မီးရှို့မူနှင့် ထောင်ချခံခဲ့ရသူများဖြစ်ပြီး လူသတ်မူနှင့် စွဲချက် တင်ခံထားရသူများ မပါဝင်ကြောင်း ၎င်းရဲအရာရှိက ဆိုသည်။

“ ၆၈ ဦးထဲက အမျိုးသား ၆၇ ဦးကိုတော့ မီးရှို့မူ ပုဒ်မ ၄၃၆ နဲ့ ထောင်ဒဏ် ၅ နှစ်၊ အမျိုးသမီး တစ်ဦးကိုတော့ ထောင် ၁နှစ် ချမှတ်လိုက်ပါတယ်။ အကုန်လုံး မီးရှို့ တိုက်ခိုက်မူနဲ့ ထောင်ချခံရတာပါ” ဟု ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ ရခိုင်ရပ်ကွက်များကို မွတ်ဆလင် ထောင်ပေါင်းများစွာက အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မူသည် တောင်ကုတ်တွင် သေဆုံးခဲ့ရသူ အစ္စလာမ်ဘာသာဝင် ၁၀ ဦးအတွက် မောင်တောမြို့ ရွှေဇား ဗလီကြီးတွင် ပြုလုပ်ခဲ့သော ဆုတောင်းပွဲအပြီးတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတိုက်ခိုက်မူအတွင်း မောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာ မီးရှို့ခံခဲ့ရပြီး အိမ်ခြေပေါင်း ၄၀ ကျော် မီးလောင်ပြာကျသွားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မူသည် ကျယ်ပြန့်သွားခဲ့ပြီး မောင်တောမြို့နယ်မှ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ သရေကုန်ဘောင်၊ ကိုင်းကြီးရွာနှင့် မောရ၀တီ အပါအ၀င် ရွာပေါင်း ၁၀ ကျော် မီးရှို့ တိုက်ခိုက်ခံခဲ့ရသည်။

၂၀၁၂-ခုနှစ် ဇွန်လ ၈ရက်နှင့် ၉ ရက်နေ့ က မောင်တောမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော ဘင်္ဂလီ လူအုပ်စုများ၏ ဆူပူ အကြမ်းဖက် တိုက်ခိုက်မူ အတွင်း ရခိုင်အိမ်ခြေပေါင်း ၅၅၂ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဆေးရုံ ၁ရုံ၊ အခြားအဆောက်အအုံ ၃၆ လုံးနှင့် ရခိုင် ၇ ဦး အသတ်ခံခဲ့ရကာ လူပေါင်း ၅၀ နီးပါးခန့် ဒဏ်ရာ ရရှိခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: