Thursday, January 16, 2014

အနောက်ဖရုံကာကျွန်းတွင် ဒဏ်ရာဖြင့်သေဆုံးသော အမျိုးသားအလောင်းတစ်လောင်းတွေ့


၂၀၁၄ ဇန်န၀ါရီ ၁၃ ရက်တွင် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း ဂြင်းချောင်းကျေးရွာအုပ်စု၊ ၀ါးလန်ကုန်းရွာအနီး တောင်(ဥယျာဉ်)တွင်ဦးစောမောင်(ဘ)ဦးလူဖြူဒဏ်ရာများဖြင့် သေဆုံးသည့်သတင်းမှာ မှန်ကန်ကြောင်း သက်ဆိုင်ရာက အတည်ပြုပါသည်။

အနောက်ဖရုံကာကျွန်းတွင် ရခိုင်ရွာ(၇)ရွာ၊ ခမီ(၄)ရွာ၊ ဘင်္ဂလီ(၃)ရွာရှိကြောင်းသိရပါသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ကွင်းဆင်း၍ အမှုကိုအရေးယူဆောင်ရွက်လျှက်ရှိကြောင်း တရားခံမဖေါ်ထုတ်နိုင်သေးကြောင်း၊ သေသူ ဦးစောမောင်မှာ တောင်ရှိ ၎င်း၏ဥယျာဉ်သို့မကြာခဏသွားလေ့ရှိကြောင်း၊ အခင်းဖြစ်နေ့က ဦးစောမောင်သည် ဓါးမတိုတစ်ချောင်း၊ လေးဂွတစ်လက်ဖြင့်ဥယျာဉ်တောင်သို့တက်သွားကြောင်း(၁၀၀၀)နာရီထိ ပြန်မဆင်းလာ၍ ဇနီးဖြစ်သူ ဒေါ်သန်းသန်းနုက တောင်ပေါ်တက်ကြည့်ရာ မတွေ့သဖြင့် ဆင်းလာရာ၊ တောင်အရှေ့ဘက်ခြမ်းက ဘင်္ဂလီကုလားများ စကားပြောသံကြား၍ဆင်းပြေးလာခဲ့ကြောင်း၊ တစ်ရွာတည်းသား ဦးမောင်ထွန်းစိန်ထံသတင်းပို့ခဲ့ရာ ၀ါးလန်ကုန်းရွာသား များများစုရုံးပြီး တောင်ပေါ်တက်ကြည့်ရာဦးစောမောင်၏အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့သို့ သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းကို အတည်ပြုရာ ဖြစ်စဉ်မှန်ကန်ကြောင်း၊ အမှုကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းက အရေးယူဆောင်ရွက်နေဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်ဟု သိရပါကြောင်း တင်ပြအပ်ပါသည်။

(သတင်းအရင်းအမြစ်- Coral Arakan News မှ ကူးယူဖော်ပြပါသည်)

No comments: