Wednesday, June 4, 2014

ဈေးကြီးမှ အမိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့ တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ ဈေးကြီးမှ စွန့်ပစ် အမို်က်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေသည်ဟု သိရသည်။
မြေသားအမာကို ရလို၍ ယခုလို အမိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိုက်မျာဖို့ပြီး လမ်းလုပ်နေသည့်  စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။
SAM_0853
“ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အ တွက်ကားဘီး တစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို မဆုံးရှုံးရအောင် စစ်တွေ ဈေးကြီးက အမှိုက်တွေနဲ့ ဒီလမ်းခုံးကို ပြုလုပ်နေတာပါ။ အမှိုက်တွေကို နှစ်ရက်လောက် ထားလိုက်ရင် မြေသားတွေဟာအောက်ဖက်ကို ရောက်သွားပြီး မြေသားအမာကို ရရှိတဲ့အတွက်ကျွန်တော်တို့ အသုံးပြုရတာပါ” ဟု သူက ပြောသည်။
၎င်းလမ်းကို ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့က စတင် တိုးချဲ့နေသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ ဒေသအတွင်းက အင်ဂျင်နီယာ အငြိမ်းစား တစ်ဦးကမူ ယခုကဲ့သို့ အမိုက်များကို အသုံးပြုပြီး လမ်းခင်းသည်ကို တစ်ခါမှ မကြားဖူးပါကြောင်း၊ ယခုကဲ့သို့ လမ်းအောက်ခံကို မြေသားကို အသုံးမပြုဘဲ အမိုက်များကို အသုံးပြုပါက လမ်းမှာ အရည်အသွေး ကောင်းမွန်မည် မဟုတ်သည့်အပြင် များမကြာမီ ပျက်စီး သွားနိုင်ကြောင်း ဆိုသည်။
စစ်တွေမှ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ယခုလို ဆိုပြန်သည်။
“ လူနေအိမ်တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ စွန့် ပစ်ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အမှိုက်တွေကို အသုံးပြုပြီး လမ်းလုပ်တာဟာ လူထုရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆိုးကျိုးသက်ရောက်မူတွေလည်း အများကြီး ဖြစ်ပေါ်နိုင် ပါတယ်။ နိုင်ငံတာကာမှာ စွန့််ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နေချိန်မှာ ကျနော်တို့ နိုင်ငံမှာ လမ်းလုပ်တဲ့ နေရာမှာ ဒီလို အမိုက်တွေကို အသုံးပြုတာဟာ မဖြစ်သင့်ပါဘူး။ လူထုရဲ့ ကျန်းမာရေးကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟု သူက ပြောသည်။
Road-Build
လမ်းလုပ်ရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးကလည်း ယခုလို ဆိုပြန်သည်။
“ တစ်နေ့ကို လုပ်အားခငွေ သုံးထောင်ကျပ်နဲ့ လုပ်နေတာပါ။ အထက်က လူကြီးတွေက ဒီဟာ လုပ်ဆိုရင် ကျနော်တို့က လုပ်ရတာဘဲ။ ဒီလို အမိုက်တွေကို လမ်းခင်းတဲ့ အတွက် ဘာဖြစ်လာမလဲ။ ကောင်းမလား- ဆိုးမလား။ ဒါတွေကို ကျနော်တို့ မသိပါ။ မနက်၇နာရီကနေ့  ညနေ ၅နာရီခွဲထိ ခိုင်းတာကို လုပ်နေတာပါဘဲ” ဟု ဆိုသည်။
ယခုကဲ့သို့ စွန့်ပစ် အမိုက်များကို အသုံးပြုပြီး လမ်းခင်းပါက ဆိုးကျိုးနှင့် ကောင်းကျိုး မည်သို့ ရှိနိုင်မည်ကို သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စီစစ်ရန် လိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: