Wednesday, July 9, 2014

မြန်မာ-ဘင်္ဂလာနယ်စပ် နတ်မြစ်တွင် စိတ်ကြွဆေးပြား တစ်သိန်းခုသောင်း ဖမ်းမိ

Naf river
တန်ဖိုးငွေ တာကာ ၅ ကုဋေ နှင့် ၁ သန်းဖိုးရှိ ယာဘားဆေးပြား ၁၇၀၀၀၀၀ ကို ဘင်္ဂလား-မြန်မာနယ်စပ် နတ်မြစ်အတွင်း ဇူလိုင်လ ၆ ရက် ယမန်နေ့ နေ့လည်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ် တပ်ဖွဲ့တခုမှ ဖမ်းမိသည်။
မြန်မာဘက်မှ စက်လှေတစ်စီးဖြင့် ၎င်းဆေးပြားများကို တင်သွင်းလာစဉ် နတ်အမြစ်အတွင်း ဖမ်းဆီးမိခြင်းဖြစ် သည်ဟု ဘင်္ဂလာဒေခခ်ျ့ အာဏာပိုင်များအား ကိုးကားပြီး ဘင်္ဂလာသတင်းများက ဖော်ပြသည်။
ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ကင်းလှည့်နေစဉ် စက်လှေ တစ်စီးအား ရပ်တန့်ရပ် အချက်ပေးစဉ် စက်လှေပေါ်မှာ လူများထွက်ပြေးသွားသဖြင့် စက်လှေကို တက်ရောက် ရှာဖွေစဉ် ယင်းဆေးပြားများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
“ ဖမ်းဆီးရမိတဲ့ ဆေးပြားက WY အမျိုးအစားဖြစ်ကြောင်း၊ စုစုပေါင်းဆေးပြားအရေအတွက်မှာ  ၁ သိန်း ၇ သောင်းရှိဖြစ်ကြောင်း၊ ကာလတန်ဖိုးအားဖြင့် ဘင်္ဂလားတာကာငွေ ၅ ကုဋေနှင့် ၁ သန်းဖိုးရှိကြောင်း” ဘင်္ဂလာ အာဏာပိုင်များက ဆိုသည်။
အလားတူ ၎င်းနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း မိုဟာမတ်အဘဒူလ္လာဆိုသူ တစ်ဦးကို စိတ်ကြွဆေးပြား ၁၉၇ ပြား နှင့်အတူ အမှတ် ၄၂ ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်နေ့ ညဥ့် ၁၂ နာရီခန့်ကလည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သည့် စစ် တကောင်းမြို့ ဆိပ်ကမ်းအနီးတွင် စိတ်ကြွဆေးပြား ၁၅၀၀၀၀ ကို စက်လှေတစ်စီးနှင့် သယ်ဆောင် လာသူတစ်ဦးကို ကမ်းခြေစောင့်တပ်မှ ဖမ်းမိခဲ့ကြောင့် ဘီဒီ နယူး သတင်းတစ်ပုဒ်တွင် ဖော် ပြသည်။
၎င်းဆေးပြားများကို ဘင်္ဂလားမြန်မာနယ်စပ် ကော့စ်ဘာဇားမြို့မှ တဆင့် စက်လှေနှင့် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ယခု ဖမ်းဆီးရရှိမှုများမှာ ဘင်္ဂလား-မြန်မာ နယ်စပ်နယ်ခြားစောင့်တပ် အဆင့်မြင့်အရာရှိများ လွန်ခဲ့သည့်လက မြန်မာနိုင်ငံတွင် ၃ ရက်ကြာ ဆွေးနွေးပြီးနောက် နှစ်နိုင်ငံနယ်စပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးမိခြင်း ဖြစ် ကြောင်းသိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: