Wednesday, February 4, 2015

ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင်လူထုသဘောထားရယူမည်

ယာယီသက်သေခံလက် မှတ်  (White Card) ကိုင်ဆောင် ထားသူများကို  မဲပေးခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အားမည်သည့်နည်းဖြင့် တုံ့ပြန်မည်ဆိုသည်ကို စစ်တွေမြို့တွင် ရခိုင်လူထု သဘောထားရယူကာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုခဲ့သည့်ကိစ္စ အဓိကထားဆွေးနွေးသွားမည်ဟု၎င်းက ပြောသည်။
ရခိုင်နိုင်ငံရေးနှင့် အရပ်ဘက်အင်အားစုများအကြား ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်လူထုသဘောထားအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် မူလကတည်းက အစီအစဉ်ရှိထားကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်သူများကိစ္စ အဓိက ဆွေး နွေးမှု ဖြစ်လာနိုင်ကြောင်း၎င်းကဆက်ပြောသည်။
 ရခိုင်ပြည်နယ်တွင် သွေး ထွက်သံယိုပဋိပက္ခများ ဖြစ်ပွားပြီး နောက် မြန်မာအစိုးရသည် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်း ကာ အစီရင်ခံစာများ ထုတ်ပြန်ခဲ့ သော်လည်း လက်တွေ့တွင် အစိုး ရ၏ လုပ်ရပ်သည် ပဋိပက္ခဖြစ် စေမည့် ကိစ္စများကို ရွေးချယ်လုပ် ကိုင်နေသည့် ပုံစံဖြစ်နေသည်ဟု ဦးသန်းထွန်းက ပြောသည်။
‘‘ပါတီတစ်ခုအနေနဲ့ နိုင်ငံတော်အကျိုးယှဉ်တဲ့အခါ ပါတီတစ်ခုရဲ့ အကျိုးစီးပွားက ရှေ့တန်းရောက်သွားတယ်လို့ ထင်တယ်’’ ဟု ၎င်းက ပြောသည်။
 ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးရာ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ကျန်တိုင်းရင်းသား ကိုယ်စားလှယ်များက ထောက်ခံခဲ့သဖြင့် သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရရှိခြင်းဖြစ်သည်။
(သတင်းအရင်းအမြစ်- 7 Days News)

No comments: