Sunday, May 12, 2013

မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်ပြန်သော မိုးလေ၀သသတင်း


မိုးလေ၀သသတင်း
မေ (၁၂) ရက်နေ့ မြန်မာစံတော်ချိန် (၂:၀၀) နာရီအချိန် တိုင်းထွာချက်အရာ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (ကိုးကိုး ကျွန်း)၏ အနောက်တောင်ဘက် မိုင် (၄၅၀) ခန့်၊ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၆၀၀)ခန့် ၊ အိန္ဒိယ နိုင်ငံ (ချင်းနိုင်မြို့)၏ အရှေ့တောင်ဘက် မိုင် (၃၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်း ဗဟိုချက်အနီးတွင်အမြင့် ဆုံး လေတိုက်နှုန်းမှာ မိုင် (၅၀) မှ မိုင် (၆၀) အထိ ရှိနိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာရှိသော်လည်း မေလ (၁၃)ရက်နေ့ နံနတ်ပိုင်းမှစတင်ပြီးအရှေ့မြောက်ဘတ်သို့ကွေ့ လျက်မေလ(၁၆)ရက်နေ့ ညနေပိုင်းခန့် တင် မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန်းမှန်းရသည်။
(ကိုးကား- မြန်မာ့ရုပ်မြင်သံကြား၏ Facebook စာမျက်နှာ)

No comments: