Sunday, May 12, 2013

မုန်တိုင်းနှင့် ရခိုင်ဒေသပြင်ဆင်မှုအခြေအနေများ


မြေပုံမြို့ပေါ်မှာက ပုံမှန်  အတိုင်းပါဘဲ။ အာဏာပိုင်တွေကတော့ ဘာမှ သတိပေးမူ မရှိသေးဘူး။ မိုးတိမ်တွေကတော့ အုံမိုင်းနေပါတယ်။
Cyclone mohasenမြေပုံမြို့နယ် ပြင်ဝန်းကျေးရွာ (ဒေသခံ တစ်ဦး) နံနက် ၉နာရီ ၄၅ မိနစ်
မုန်တိုင်းတိုက်မယ်ဆိုတာကို ရေဒီယိုက ကြားပါတယ်။ အခုတော့ ငါးဖမ်းစက်လှေတွေ အကုန်လုံးချောင်းထဲကို ၀င်လာကြပါပြီ။ လေကတော့ ငြိမ်နေပါတယ်။ ဖြတ်တိုက်တွေ မရှိသေးပါဘူး။
ကိုသန်းနိုင် (မာန်အောင်မြို့ပေါ်) နံနက် ၉ နာရီ ၅၀  မိနစ်
လေတိုက်တာလည်း မရှိဘူး။ မိုးရွာတာလည်း မရှိဘူး။ မာန်အောင်မှာ နေသာနေပါတယ်။ အာဏာပိုင်တွေဘက်က မုန်တိုင်း သတိပေးတာတွေ မရှိပါဘူး။ ဒေသအတွင်းက လူတွေကတော့ အချင်းချင်း ဖုံးတွေနဲ့ မုန်တိုင်း သတိပေးတာမျိုးတော့ ရှိပါတယ်။
ကိုအောင်သန်းရွှေ (စစ်ကဲတော်အုပ်ကျေးရွာ- မာန်အောင်မြို့နယ်) နံနက် ၉ နာရီ ၅၅ မိနစ်
မုန်တိုင်းတိုက်မယ်ဆိုတာကို ရေဒီယိုကဘဲ ကြားတယ်။ အာဏာပိုင်တွေက ဘာမှ သတိပေးတာ မရှိသေးဘူး။ လူတွေကတော့ ကိုယ်ဟာနဲ့ကိုယ် လုံလုံခြုံခြုံနဲ့ နေကြပါတယ်။ မိုးအုပ်နေပါတယ်။ လေတိုက်တာတွေ မရှိသေးပါဘူး။
ကိုသန်းဌေး (ကျောက်ဖြူ) နံနက် ၉ နာရီ ၁၀ မိနစ်
အခုကျွန်တော် ရန်ကုန်သွားမလို့ လေယာဉ်ပေါ်ရောက်နေပါတယ်။ ကျောက်ဖြူမှာ လေတိုက်တာတွေလည်း မရှိသေးဘူး။ မိုးလည်း မရွာပါဘူး။ မုန်တိုင်းတိုက်မယ်ဆိုတာကိုတော့ သိပါတယ်။
ဦးတက်ထွန်းအောင် ( ပေါက်တော) နံနက် ၉ နာရီ ၂၀ မိနစ်
ပေါက်တောမြို့ပေါ်မှာတော့ အာဏာပိုင်တွေက အသံချဲ့စက်တွေနဲ့ မနေ့က စပြီး  မုန်တိုင်း ရှိတယ်ဆိုတာကို မြို့ကို သတိပေးပါတယ်။ ငါးဖမ်းစက်လှေတွေကိုလည်း ပင်လယ်ပြင်ကို ထွက်ပြီး ငါးဖမ်းတာကို တားမြစ်ထားပါတ.ယ်။ မိုးရိပ်တွေနဲ့ အုံမိုင်းနေပါတယ်။ လေလည်း မတိုက်သေးသလို မိုးလည်း မရွာသေးပါဘူး။
ဦးအောင်မြကျော် (စစ်တွေ) နံနက် ၉ နာရီ ၄၅ မိနစ်
စစ်တွေမှာတော့ မုန်တိုင်း အရိပ်ယောင်မျိုး မြင်နေရပါတယ်။ လေလည်း မတိုက်ဘူး။ မိုးတိမ်တွေက အုံမိုင်းနေပါတယ်။ ဒီအခြေအနေက မုန်တိုင်း ၀င်မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် မုန်တိုင်း ၀င်နိုင်ပါတယ်။ ရပ်ကွက်တွေ အလိုက်တော့ စစ်တွေမှာ မုန်တိုင်း သတိပေးမူတွေ ပြုလုပ်နေပါတယ်။
ဦးအောင်ဇံဝေ (ကျောက်နီမော်) နံနက် ၉  နာရီ ၅၅ မိနစ်
ကျောက်နီမော်မှာ အခြေအနေက အေးအေးပါ။ မိုးတိမ်တွေ အုံမိုင်းနေတာကလွဲပြီး လေတိုက်တာတွေ မရှိပါ။ ငါးဖမ်းစက်လှေတွေ၊ လှေတွေကိုတော့ ကမ်းပေါ်ကို ဆွဲတင်ထားပါတယ်။ လူတွေကတော့ ပုံမှန် အတိုင်းပါ။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာတော့ မုန်တိုင်း သတိပေးမူတွေ ရှိနေပြီ ဖြစ်ပါတယ်။ မုန်တိုင်း နံပတ် (၃) အဆင့် အလံတွေကို ကမ်းခြေဒေသတွေမှာ ထောင်ထားတာကို တွေ့နေရပါတယ်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)


No comments: