Thursday, September 12, 2013

ဤရက်ပိုင်းအတွင်း သတင်းများအား တင်နိုင်မည်မဟုတ်ပါကြောင်း အသိပေးခြင်း

ကျွန်တော့်အနေနဲ့ ဒီဘလော့ဂ်ကို ၀ါသနာအရ စေတနာရှေ့ထားပြီးတော့ မအားလပ်သည့်ကြားမှ အချိန်ကို လုကာ ရခိုင်ဒေသနှင့်သက်ဆိုင်သည်ဟုယူဆသော သတင်းများကို စုစည်းရေးသားနေခြင်းဖြစ်ပါသည်။ ၀င်ရောက်ဖတ်ရှုပေးကြသော ညီအစ်ကို၊ မောင်နှမတို့အားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
ကျွန်တော်သည် ကျောင်းတစ်ဖက်တက်လိုက်၊ အလုပ်တစ်ဖက်လုပ်လိုက်ဖြင့်ကြားမှ ရေးသားနေရခြင်း ဖြစ်ပါသည်။ ကျွန်တော်အခုတက်ရောက်နေသော ရန်ကုန်တက္ကသိုလ်၏ လူမှုရေးပညာဘွဲ့လွန်ဒီပလိုမာအတွက် စာမေးပွဲများသည် စက်တင်ဘာလ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပါသဖြင့် သတင်းများ စုစည်းဖော်ပြခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။ စာမေးပွဲပြီးသည်နှင့်တစ်ပြိုင်နက် သတင်းများကို ပြန်လည်စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
ရခိုင်သတင်းများစုစည်းမှု

No comments: