စစ်တွေထောင်ထဲရောက် တက်ကြွလှုပ်ရှားသူ ကိုကျော်ဇော်ဦး (ဓာတ်ပုံ- Coral Arakan News) |
( ဒီလိုပါ။ ကျွန်တော်က ရခိုင်ပြည်နယ် ကျောက်ဖြူကို တရားလိုတွေကို ကျွန်တော် ကိုယ်တိုင် သွားစစ်ခဲ့တဲ့ သူပါဗျာ။ အဲဒီ မဒေးကျွန်း ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သတ်ပြီးတော့ …….. အဲဒီမှာက သူတို့ ခွင့်ပြုချက်ရဖို့ လျှောက်တာ သက်ဆိုင်ရာကို ၂ ကြိမ်ခန့် လျှောက်တယ်ဗျာ။ အဲဒီ မှာ ခွင့်ပြုချက် မပေးဘူး။ ခွင့်ပြုချက်မပေးပေမယ့် အာဏာပိုင်တွေက လုပ်ပေးပါ့မယ်။ ဆောင်ရွက် ပေးပါမယ်ပြောပြီးတော့ မလုပ်ပေးတဲ့ အတွက် နောက်ဆုံး အဲဒီ မဒေးကျွန်းက ပုဂ္ဂိုလ်တွေက ဆန္ဒထုတ်ပြကြတာဘဲ။ မဒေးကျွန်းဆိုတာက ခင်ဗျာတို့သိတဲ့အတိုင်းဘဲ ကျောက်ဖြူက နာရီ ၀က်သာသာသွားရတဲ့ကျွန်းဗျာ။ အဲဒီမှာ သူတို့လုပ်နေတာတွေက ဒီရေနံတိုင်ကီတွေကို တရုတ် ကုမ္ပဏီက လုပ်ပြီးတော့ တရုတ်ပြည်ဘက်ကို ပို့ဖို့စီစဉ်နေတဲ့ နေရာမှာ ဆန္ဒပြတာဘဲ။ ဆန္ဒပြတဲ့ အတွက် ပြည်သူ အတွက်လည်း အနှောင့်အရှက်မရှိဘူး။ ဘာပြသနာမှလည်း ပေါ်စရာ အကြောင်း မရှိဘူး။ တစ်ရွာလုံး ဆန္ဒပြတာဘဲ။ အဲဒါကို သူတို့က ပုဒ်မ ၁၈နဲ့ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတယ်ဆိုပြီး တရားစွဲတယ်။ ဟိုကျွန်းမပေါ်မှာ ဖြစ်တဲ့ကိစ္စဗျာ။ ကျွန်တော်တို့ ကျောက်ဖြူ မြို့ပေါ်မှာ ဖြစ်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ရေမိုင်တော်တော် ဝေးတဲ့နေရာမှာ ဖြစ်တာကို တရားစွဲတင်တယ်ဗျာ။ အမှန်တော့ ဆင်ခြင်ကြည့်ရင် နိုင်ငံခြားရေနံကုမ္ပဏီ တွေကို မျက်နှာလို မျက်နှာရလုပ်တဲ့ သဘော ကျွန်တော်တို့ အဲလိုမြင်ပါတယ်။ နစ်နာမှုတွေ တောင်းဆိုတဲ့ အပိုင်းတွေကို ကျတော့ ဘာမှမလုပ်ဘဲ ထောင်ချပြတာပေါ့ဗျာ။)
စစ်တွေ ထောင်ထဲရောက် အမျိုးသမီး ကွန်ယက် ဥက္ကဌ ဒေါ်မညိုအေး ( ဓါတ်ပုံ- Coral Arakan) |
(အခု ပြောပြရမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ခင်ဗျာသိတဲ့ အတိုင်းဘဲ အားလုံးတရားစွဲပြီး ပုဒ်မ ၁၈ နဲ့ (၃) လစီထောင်ချနေတယ်။ ဒါ ဗဟိုကနေပြီးတော့ တိုင်းနဲ့ ဒေသကြီးတွေကို ညွန်ကြားချက် ထားလို့ အားလုံးကို တပြေးညီ ပုဒ်မ ၁၈ နဲ့ ထောင်ချပစ်တယ်လို့ ကျွန်တော် အဲလိုမြင် တယ်ဗျာ။)
(အမှန်တော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ အကြောင်းခြင်းရာ တခုချင်း အပေါ်မှာလိုက်ပြီးတော့ ထောင်ချ သင့်တယ်။ မချင်သင့်တယ်။ ဒဏ်ရိုက်သင့်တယ်။ မရိုက်သင့်တယ်ဆိုတာကို တရားရုံးက ချင့်ချိန် ဆုံးဖြတ်ရမဲ့ ကိစ္စပါ။ ဒါကို တရားရုံးတွေက ပေါ်လစီ ပုံစံမျိုးနဲ့ မူချပြီးတော့ (၃) လစီ ထောင်ချ တယ်ဆိုတာက ဥပဒေကြောင်း အရ ပြောရရင် တပြေးညီလုပ်ထားတဲ့ ပုံစံကိုယ်၌က သဘာဝ မကျ ဘူးလို့ ကျွန်တော် အဲလိုပြောချင်တယ်။)
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment