Sunday, December 22, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ICRC အဖွဲ့အား ဒေသခံများ ကန့်ကွက်

နိုင်ငံတကာကြက်ခြေနီကော်မတီ  ICRC အဖွဲ့အား ပေါက်တောမြို့ခံ ၁၀၀ ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒီဇင်ဘာ ၁၈ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
ယခင်လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးများအား ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင်  ICRC အနေဖြင့်  ဘင်္ဂါလီကိုသာ ဘက်လိုက်အကူအညီပေးခဲ့သောကြောင့် မြို့ခံများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
"  ICRC က ရခိုင်မှာလုပ်နေတာမှာ ဘက်လိုက်မှုရှိနေတာ ပေါ်ပေါ်ထင်ထင်တွေ့ရတယ်။ ကူညီမှုက မမျှတဘူး။ လွန်ခဲ့တဲ့လကဖြစ်ခဲ့တဲ့ ဆင်အိုင်ကိစ္စမှာ ဘင်္ဂါလီကိုပဲ အကူအညီပေးတယ်။ အဲဒီအပေါ်မှာ  ICRC ကို ပေါက်တောမြို့မှာ ယုံကြည်မှုမရှိတော့ဘူး။ သူတို့အကူအညီလည်း မလိုတော့ဘူး။ ဒါကြောင့်မြို့ခံတွေက  ICRC Get Out  ဆိုပြီး လုပ်ကြတာ " ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်ခြင်းကို ရုတ်တရက်ပြုလုပ်ခြင်းဖြစ်ပြီး ICRC အဖွဲ့ ပေါက်တောမြို့သို့ လာရောက်ခြင်းသတင်းကြောင့် ဒေသခံများစုရုံးလာပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြို့ခံများက ပြောကြားသည်။
" ဆန္ဒပြတာကတော့ လတ်တလောလူစုလူဝေးဖြစ်ပြီး ICRC အဖွဲ့လာရောက်ခြင်းကို ကန့်ကွက်တာဖြစ်ပါတယ်။ အဲဒါကလည်း ပြဿနာမဖြစ်ရအောင်အတွက် တားဆီးတာ ဖြစ်တယ်။ ပေါက်တောမြို့နယ်က လူတွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်မခံဘူးဖြစ်နေပြီ " ဟု ပေါက်တောမြို့ခံ ကိုကျော်ဝင်းက ပြောကြားသည်။
နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့သည် ပေါက်တောဆေးရုံတွင် ရေနှင့်မိလ္လာစနစ်ကောင်းမွန်ရေးအတွက် အကူအညီပေးရန်သွားရောက်ခဲ့ကြောင်းနှင့် ယင်းအချိန်တွင် မြို့ခံများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လွန်ခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဆင်အိုင်ကိစ္စမှာ ဘင်္ဂါလီကိုပဲ အကူအညီပေးတယ်။ အဲဒီအပေါ်မှာ ICRC ကို ပေါက်တောမြို့မှာ ယုံကြည်မှုမရှိတော့ဘူး။ သူတို့အကူအညီလည်း မလိုတော့ဘူး။ ဒါကြောင့်  မြို့ခံတွေက
ICRC Get Out ဆိုပြီး    .    .    .
လက်ရှိအနေအထားတွင် မောင်တောမြို့နယ်အတွင်း ဒုက္ခရောက်နေသူများကို ကူညီပေးနေခြင်းမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားကျေးရွာ ၁၂ အား အဓိကမီးရှို့ဖျက်ဆီးခဲ့သည့် ဘင်္ဂါလီကျေးရွာများကို မီးရှို့ခံ ရခိုင်တိုင်းရင်းသားများနှင့် တစ်ပြေးညီကူညီပေးနေခြင်းသည် ICRC ၏အစီအစဉ်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် ပေါက်တောဒေသခံများ မကျေမနပ်ဖြစ်နေကြခြင်းများရှိနေကြောင်းလည်း သိရသည်။
ပေါက်တောမြို့မှ ဦးညီညီက နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်တော်တို့သဘောမကျတော့ဘူး။ ဒါကလည်း အကြောင်းပြချက်ရှိတယ်။ မောင်တောမှာ မီးရှို့ခံရွာသားတွေကို ကူညီပေးသလို မီးရှို့လိုက်တဲ့ ဘင်္ဂါလီရွာသားတွေကိုလည်း ကူညီပေးရမယ်ဆိုပြီး မောင်တောက ဒေသခံရခိုင်တွေကို ဘတ်ဂျက်ထုတ်ပေးတယ်။ အဲဒါကို မောင်တောက ရခိုင်တွေ လုပ်နေကြတယ်။ ဒုက္ခရောက်နေသူကို သီးသန့်ကူညီတာ မဟုတ်ဘဲ ဒုက္ခရောက်အောင်လုပ်သွားတဲ့သူတွေကို ပြန်ပြီးကူညီပေးနေတာဟာသိပ်ပြီးတရားလွန်နေပြီလို့ သုံးသပ်မိပါတယ် "  ဟု သူ့အမြင်ကို ပြောကြားသည်။
(သတင်းအရင်းအမြစ်- Eleven Media Group)

No comments: