Monday, January 20, 2014

ဘင်္ဂလာဒေခ်ျ့မှ သတင်းအမှား ရေးတင်သည့် သတင်းစာတိုက် ချက်ချင်းအပိတ်ခံရ

inqilab-says-sorry-for-satkhira-report
ဒီမိုကရေစီ ရင့်ကျက်မူ တစ်စုံတစ်ရာရှိနေပြီ ဖြစ်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သတင်းစာ တစ်ခုမှ သတင်းအမှား ရေးတင်သဖြင့် ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ချက်ချင်း သတင်းစာတိုက်ကို ၀င်စီးပြီး သတင်းစာတိုက်ကို ချက်ချင်းပိတ်ပစ်ခဲ့သည်။
၎င်းဖြစ်ရပ်သည် လွန်ခဲ့သော ကြာသတေးနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်တွင် ဖြစ်ပွားခဲ့သည်။
နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ဖြစ်သော The Daily Inqilab  သတင်းစာက ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အထိမခံနိုင်သော sensitive အကြောင်းအရာ တစ်ခုကို ရေးသွင်းဖေါ်ပြရာမှ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်သဖြင့် ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဒက္ကားက လာသော သတင်းများတွင် ဖေါ်ပြသည်။
၎င်းသတင်းစာက လွန်ခဲ့သော ကြာသပတေးနေ့က ဟိန္ဒူလူမျိုးများအား ဒေသခံ အစ္စလာမ် အစွန်းရောက်များမှ တိုက်ခိုက်၍ ပြဿနာ ပေါ်ပေါက်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြောက်ပိုင်း Satkhira ဒေသတွင် ရွှေးကောက်ပွဲအတွက်  ဘင်္ဂလာစစ်တပ်မှ ပြုလုပ်သော စစ်ရေးလေ့ကျင့်မူ တစ်ခုတွင် အိန္ဒိယ စစ်သားများပါ ပူးပေါင်း ပါဝင်ခဲ့သည်ဟု သတင်း ဖေါ်ပြခဲ့သည်ဟု ဆိုသည်။
ထိုသို့ ရေးသားသော သတင်းစာ၏ အယ်ဒီတာနှင့် နောက်ထပ် သတင်းသမား သုံးဦးကို ရဲတပ်ဖွဲ့က မမှန် သတင်း တင်ပြမူနှင့် တရားစွဲဆိုခဲ့သည်။
ယင်းနောက်ပိုင်းတွင် ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ကြာသပတေးနေ့ ညဉ့်အချိန်တွင် ၎င်းသတင်းစာတိုက်အား ၀င်စီးလိုက်ပြီး သတင်းသမား သုံးဦးကို ဖမ်းဆီးကာ ကွန်ပျူတာများကို သိမ်းဆည်းလိုက်ကြောင်း၊ ပြီးနောက် သတင်းစာကိုပါ ပိတ်လိုက်ကြောင်း သိရသည်။
ထိုသို့ သတင်းစာပိတ်ခံလိုက်ရပြီးနောက် ၎င်းသတင်းစာ၏ တာဝန်ရှိသူများက ၎င်းကဲ့သို့ သတင်းအမှားထုတ်လွှင့်မိသဖြင့် မိမိတို့ ၀မ်းနည်းပါကြောင်း ကျေညာချက်ထုတ်ပြန်ကာ စာဖတ်ပရိသတ်များအား ယမန်နေ့က တောင်းပန်ခဲ့သည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: