ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးနိုင်ငံရေးအရာရှိ Mr Clint Fenning သည် မေလ ၂၁ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုရုံးသို့ လာရောက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားခဲ့သည်ဟု သတင်းရရှိသည်။
ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များဖြစ်ကြသည့် ဦးခင်မောင်ကြီး၊ ဦးကျော်ဇော်ဦး၊ ဦးရွှေမောင် တို့နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးခင်မောင်ကြီးက ပြောသည်။
ယင်းသို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဠိပက္ခများနှင့်ပတ်သက်၍ အဓိကဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။
“အဓိကကတော့ ဒီမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့။ ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီး ပါတီရဲ့မူဝါဒတွေဘာရှိလဲ။ ပဋိပက္ခအပေါ် ပါတီကဘယ်လိုဖြေရှင်းမလဲပေါ့နော်
ရခိုင်အမျိုးသားပါတီခေါင်းဆောင်
“ကျွန်တော်တို့က ပဋိပက္ခပြေငြိမ်းဖို့ကိစ္စနဲ့ပတ်
အမေရိကန် သံအရာရှိမှ ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့သည်ဟု သူက ဆိုသည်။
“သူတို့ဘက်ကတုန့်ပြန်တာကတော့ သူတို့အနေနဲ့ ဒီဟာကို အဖြေထုတ်နိုင်တဲ့ အနေအထားတော့ မရှိဘူးပေါ့နော်။ ဒီအနေအထားတွေကို သူက သံရုံး၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတွေထိ ရောက်အောင် သူ့အနေနဲ့ တတ်နိုင်သမျှ တင်ပြပေးမယ်ပေါ့အဲ့ဒီအတွက် ကျွန်တော်တို့နဲ့ဆွေးနွေးတာပါဆိ
ပါတီ၏ သဘောထားနှင့်ပတ်သက်ပြီးလည်း ဦးခင်မောင်ကြီးက ယခုလိုရှင်းပြပြောဆိုသည်။
“ အဓိက ကတော့ ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ ပြဿနာက ရိုဟင်ဂျာဆိုတဲ့ နာမည်က ပဋိပက္ခဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပဲလေ။ အဲဒီအပေါ်မှာ ကုလသမဂ္ဂတို့၊ အမေရိကန်အစိုးရတို့ပေါ့၊ အဲဒီကနေပြီးတော့ တိုင်းရင်းသားဖြစ်ရမယ်၊ နိုင်ငံသားဖြစ်ရမယ်ဆိုပြီးတော့ သူတို့က ဖိအားပေးတဲ့ သဘောမျိုး ပြောတာပေါ့နော်။ အဲဒီအနေအထားတွေကို ကျွန်တော်တို့က လက်မခံနိုင်ပါဘူးလို့ ကျွန်တော်တို့က အဲ့ဒါကို ရှင်းပြတယ်။”
ယင်းပြင်သူက ယခုလို ဆက်ဆိုသည်။
“ နောက်ပြီးတော့ အခုနောက်ဆုံးအမေရိကန်အစိုးရရဲ့ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ဖို့အတွက် တစ်နှစ် သက်တမ်းတိုးလိုက်တဲ့အပိုင်းမှာ ကျွန်တော်တို့ ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခက အကြောင်းပြချက် တစ်ခု အနေနဲ့ပါတယ်။ အဲဒီအကြောင်းပြချက်က ဘာလဲဆိုရင် ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အမေရိကန် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့အမျိုးသာ
ဆွေးနွေးပွဲမှာ အကျိုးရှိသော ဆွေးနွေးပွဲ တစ်ခု ဖြစ်ကြောင်း ဦးခင်မောင်ကြီးက သုံးသပ် ပြောဆိုသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)
No comments:
Post a Comment