Tuesday, July 15, 2014

ဘင်္ဂလီလူမျိုးကျေးရွာများကြားရှိ လူဦးရေးနည်း ရခိုင်ကျေးရွာများကို လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီ လူမျိုးအများစု နေထိုင်သော ကျေးရွာများကြားမှ ရခိုင်ကျေးရွာများကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးတိုးမြှင့်လာကြောင်း စစ်တွေ မြို့မိ မြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
13jl6
ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် သဲချောင်းကျေးရွာ၊ဒေါင်းပြောက်ကေကျေးရွာ၊ ဇောဘူဂျာကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ ပလ္လင်ပြင်ကျေးရွာတို့ကို လုံခြုံရေးတိုးမြှင့်ပေးရန် အစီအစဉ်ရှိပြီး သဲချောင်းကျေးရွာကို တိုးမြှင့်လိုက်ပြီဟု ဝန်ကြီးချုပ်နှင့် လိုက်ပါသွားသူ ဦးသန်းထွန်းကပြောသည်။
“ဒီရွာတွေရဲ့ ဘေးပတ်ပတ်လည်မှာ ဘင်္ဂလီရွာတွေ ဒုက္ခသည်စခန်းတွေ ဝိုင်းထားတယ်၊သူတို့လုံခြုံရေးမရှိလို့ ဒီနေရာတွေမှာမနေတော့ရင် ဘင်္ဂလီတွေရဲ့နေရာဖြစ်လာမယ်”ဟု ဦးသန်းထွန်းကပြောသည်။
အဆိုပါကျေးရွာများငါးရွာ၏ လူဦးရေးမှာ  နှစ်ထောင်ခန့်သာရှိပြီး ယင်းကျေးရွာအနီးတွင် ဘင်္ဂလီဒုက္ခသည်စခန်းများနှင့် ဘင်္ဂလီကျေးရွာများမှာ လူဦးရေ တစ်သိန်းကျော် ရှိသည်ဟုဒေသခံများကဆိုသည်။
“ဖွံ့ဖြိုးမှုအားနည်းတာ၊ လုံခြုံရေးအားနည်းတာကြောင့် ပြသနာတွေဖြစ်ခဲ့တာ။ ဒါကို ကြိုတင်ကာကွယ်နိုင်ရင် ပဋိပက္ခကို ကာကွယ်တာနဲ့အတူတူပဲ”ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးသာပွင့်ကပြောသည်။
သဲချောင်းကျေးရွာသို့ ဇူလိုင် ၁ဝ ရက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းရောက်ရှိလာပြီး ယင်းကျေးရွာရှိ စာသင်ကျောင်းများတွင် အခမဲ့ သင်ကြားပေးနေသော ဘွဲ့ရဆရာ၊ဆရာမ ငါးဦးကို မူလတန်းပြဆရာ ၊ဆရာမ အဖြစ်ခန့်အပ်ခဲ့သည်။ ထို့ပြင် ယင်းကျေးရွာသို့ ဆရာဝန်တစ်ဦးကိုလည်း တာဝန်ယူရန် စေလွှတ်ပေးမည်ဟု ဂတိပြုခဲ့သည် ဟု ဝန်ကြီးချုပ်နှင့် လိုက်ပါသွားသူများကဆိုသည်။
(သတင်းအရင်းအမြစ်- မဇ္ဈိမ)

No comments: