Monday, December 1, 2014

UN အတွင်းရေးမှူးချုပ်ဘန်ကီမွန်းအား ရန်ကုန်တွင် ဆန္ဒပြခွင့်သက်ဆိုင်ရာက ခွင့်ပြု


Saw-Tha-Maung
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား ရန်ကုန်မြို့တွင် ဆန္ဒပြရန် အတွက် ခွင့်ပြုချက်တောင်းခံရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
သို့အတွက် နိုဝင်ဘာလ ၂၉ ရက် စနေနေ့ နေ့လယ် (၁) နာရီ အချိန်မှ စတင်ကာ (၃) နာရီထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကန့်ကွက် ဆန္ဒပြသွားမည်ဟု သိရသည်။
ဆန္ဒပြရန် ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်ဘုရားကြီးရှေ့ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် စုရပ် အဖြစ် ယခင်က သတ်မှတ်ထားသော်လည်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်း (အနောက်ဘက်) ဟစ်တိုင်တွင် လူပေါင်း ၁၀၀၀ ခန့်ဖြင့်  ဆန္ဒပြရန် ခွင့်ပြုခဲ့သည်ဟု သိရသည်။
ကျူးကျော်ဝင်ရောက်နေထိုင်ကြသော ဘင်္ဂလီများအား မြန်မာနိုင်ငံတွင် တစ်ခါဖူးမျှ မရှိခဲ့ဖူးသည့် နာမည်အား ကုလသမဂ္ဂ အတွင်းရေးမှူးမှ မြန်မာခရီးစဉ်တွင် ပြောကြားခဲ့ခြင်း၊ ယခုလ ၂၁ ရက်နေ့က UN ညီလာခံတွင် EU ကတင်သွင်းသော ဘင်္ဂလီများကို မြန်မာတိုင်းရင်းသား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်လူ့အခွင့်အရေးကော်မရှင်က တစ်ဖက်သတ် အတည်ပြု ဆုံးဖြတ်ချက် ချခြင်းတို့သည် နိုင်ငံတကာ သံတမန်ကျင့်ဝတ်များကို ချိုးဖေါက်၍ မြန်မာနိုင်ငံ၏ အချုပ်အချာနှင့် ဥပဒေများကို ၀င်ရောက် စွက်ဖက်ခြင်းတို့ကြောင့် ယခုလို ဆန္ဒပြကန့်ကွက်သွားမည်ဟု သိရသည်။
ဆန္ဒပြရန် ခွင့်ပြုချက်ကို တင်ပြလျှောက်ထားသူ ဦးစောသာမောင်အား ယခုလ ၂၆ ရက်နေ့စွဲဖြင့် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)

No comments: