
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့်
လွှတ်တော်က ဆုံးဖြတ်သည့် ၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲထည့်ခွင့် ကို
ဆန့်ကျင်သည့် ဆန္ဒပြပွဲ တစ်ရပ်ပြုလုပ်သွားရန် စီစဉ်လျှက်ရှိရာ
ရခိုင်အမျိုးသား ပါတီ (ANP)ပါတီ၊ ၈၈ မျိုးဆက်များမှ အခြားလူမှု အဖွဲ့အစည်း
များလည်း တညီတညွတ်တည်း ပူးပေါင်း ပါဝင်သွားမည်ဟု သိရသည်။
ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့်
ရခိုင့်မျိုးဆက်သစ်လူငယ်များ အင်အားစုတို့က ကမကထပြုလုပ်ပြီး ၂၀၁၅
ရွေးကောက်ပွဲအကြို ရခိုင်လူထု သဘောထားအမြင်နှင့် ယာယီသက်သေခံ ကဒ်ပြား
ကိုင်ဆောင်သူများကို ပြည်ထောင်စု လွှတ်တော်မှ မဲပေးခွင့်ပေးသည့်
ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီးပြုလုပ်သော တွေ့ဆုံ ညှိနှိုင်းပွဲတွင် ထိုသို့
သဘောတူခဲ့ကြသည်။
ယင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်တောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ပြီးစစ်တွေမြို့အြေ
ခစိုက် အဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားခဲ့ပြီး၊ ရပ်မိရပ်ဖများ အပါအ၀င် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ယာယီသက်သေခံလက်မှတ် အဖြူရောင် ၀ှိုက်ကတ်ကိုင်ဆောင်သူများ
မဲဆန္ဒပေးပိုင်ခွင့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ကို ရခိုင်ပြည်သူများ
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ လမ်းလျှောက် ဆန္ဒပြကြမည့်အစီအစဉ်နှင့် လက်ရှိ သာသနာ့
အလံထူ၊ လွှတ်တော်ဆုံးဖြတ်ချက် ကန့်ကွက် စာကပ် ဆန္ဒပြနေကြခြင်းကို အဓိကထား
ဆွေးနွေးခဲ့ကြသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ
စစ်ကဲတော်မင်းကျောင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဖေဖော်ဝါရီလ ၁၅
ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဆန္ဒပြပွဲများ
ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၅ ရက်နေ့ ဆန္ဒပြပွဲကို အားဖြည့်ရန် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဖွဲ့စည်းထားသော
ကော်မီတီ၌ ရခိုင်အမျိုးသားပါတီ (ANP) အအပါအ၀င် နောက်ထပ်
ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများမှာ ၈၈ မျိုးဆက်များ
လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ People for people အဖွဲ့၊ရခိုင့်မျိုးဆက်သစ်လူငယ်
များအင်အားစု၊ ရက္ခိုင့်အလင်းတံခါး၊ ရခိုင်လူငယ်များပရဟိတ အဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ရရှိရန် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က
ဖွဲ့စည်းလိုက်သော ဆန္ဒပြပွဲကို ဦးဆောင်မည့် ကော်မီတီက ရခိုင်ပြည်နယ်အစိုးရ
အဖွဲ့ထံ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ခွင့်ပြုချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲကို မစတင်မီ ဖေဖေါ်ဝါရီလ ၎
ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိအိမ်များတွင်
သာသနာ့အလံလွှင့်ထူခြင်း၊ ဆန္ဒမဲပေးခွင့် ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်ချက်
လက်မခံဆိုသည့် စာများကို အိမ်ရှေ့တွင် ကပ်ခြင်းများကိုလည်း
စစ်တွေမြို့အနှံ့ ပြုလျှက်ရှိကြောင်း သိရသည်။
လက်ရှိ စစ်တွေမြို့ပေါ်ရှိ သာသနာ့အလံထူ ဆန္ဒပြနေမှုများကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင်
့
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက
သာသနာ့အလံလွှင့်ထူဆန္ဒမပြကြရန် ဆန္ဒပြကော်မီတီကို တောင်းဆိုထားသည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်သူ ဦးစိန်စောလှက “ ၀န်ကြီးချုပ်က
သာသနာ့အလံလွှင့်ထူဆန္ဒမပြဖို့ တောင်းဆိုမှုအပေါ် တုန့်ပြန်ထားတာကတော့
ရခိုင်ပြည်သူတွေ အနေနဲ့ အရှေ့ကိုလည်းကြောက်ရ၊ အနောက်ကိုလည်းကြောက်ရနဲ့
ဘုရားတရားကိုသာ အားကိုးမှီခိုရာဖြစ်လို့ ယခုလိုသာသနာ့အလံကို
လွှင့်ထူရခြင်းဖြစ်တယ်လို့ တုန့်ပြန် ထားကြတယ်လို့ ကြားသိရပါတယ်” ဟု
ပြောကြားသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ဆုံးဖြတ်ချက်အတိုင်း သာသနာ့အလံလွှင့်ထူခြင်း၊
အဖြူရောင်ကတ် ကိစ္စ လွှတ်တော်က ဆုံးဖြတ်ချက်လက်မခံဆိုသည့်
စာများကိုကပ်လျှက်ရှိကြောင်း ဆန္ဒပြပွဲဖြစ်ပေါ်ရန် ဦးဆောင်ဦးရွက် လုပ်နေသူ
ရခိုင် အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင် ဒေါ်ညိုအေးကပြောသည်။
“ဖေဖေါ်ဝါရီလ ၄ ရက်နေ့ဆုံးဖြတ်ချက်အတိုင်းပဲ သာသနာ့အလံလွှင့်ထူတာတွေ၊
အဖြူရောင်ကဒ်ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက် လက်မခံဘူးဆိုတဲ့ စာရွက်တွေကို
ထင်သာမြင်သာရှိတဲ့ နေရတွေမှာ လိုက်ကပ် နေပါတယ်။ ၁၅ ရက်
ဆန္ဒပြဖို့ကိစ္စနဲ့ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာပဲ တရားဝင်ခွင့် ပြုချက်
တင်ပြီးပါပြီ။ ၁၅ ရက်နေ့ထိ နှိုးဆော်မှုတွေကို ဆက်တိုက်ဆက်တိုက်
လုပ်ဆောင်နေပါတယ်” ဟု ဒေါ်ညိုအေးက ပြောသည်။

ယနေ့
၈ ရက်နေ့ကပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် နာယကအဖြစ်ဆောင်ရွက်ခဲ့သူ
ဦးမောင်ထွန်းကျော် ကလည်း အဖြူရောင်ကတ်ကိစ္စသည် ခိုင်သားများအတွက်
သေရေးရှင်ရေး ကိစ္စဖြစ်သည်။ ယင်းကိစ္စတွင် ရခိုင်များသာ မနိုင်လိုက်လျှင်
နောက်များမကြာမီ ဘင်္ဂလီများ လွှမ်းမိုးမှုကို ခံရမည်ဟု ပြောကြားသွားသည်။
၁၅ ရက်နေ့ဆန္ဒပြပွဲကို မည်သို့မည်ပုံပြုလုပ်မည်ကို ဖေဖေါ်ဝါရီလ ၁၂
ရက်နေ့တွင် စစ်တွေမြို့ စစ်ကဲတော်မင်း ဘုန်းကြီးကျောင်း၌
နောက်ထပ်အစည်းဝေတစ်ရပ်ကို ပြုလုပ်သွားမည်ဟု သိရသည်။
ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှစတင်ပြီး ကားဖြင့်စစ်တွေမြို့ကိုပတ်၍
အဖြူရောင်ကတ်ကိစ္စ လွှတ်တော် ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြကြရန်
နှိုးဆော်မှုများကိုလည်း နေ့စဉ်ပြုလုပ်လျှက်ရှိသည်။
အဖြူရောင်ကတ်ကိစ္စ လှုပ်ရှားမှုများကို ပြုလုပ်နိုင်ရန်အတွက် အင်းပေါက်ဝ
ကုမ္ပဏီမှ ကျပ်ငွေ ၁၅ သိန်းကို ယင်းအခမ်းအနားတွင်ပင်
လှူဒါန်းခဲ့ကြောင်းသိရသည်။
မင်းပြားမြို့ ဓမ္မာရုံတွင်လည်း ယာယီလက်မှတ်ကိုင်ဆောင်သူများ
မဲပေးခွင့်ပယ်ဖျက်ရေးအတွက် ၁၅ ရက်နေ့တွင် ဆန္ဒပြရန် ဆန္ဒဖေါ်ထုတ်
တောင်းဆိုလိုလားသူများအဖွဲ့က အစည်းအဝေးတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့က
ပြုလုပ်ခဲ့ပြီး ၁၅ ဦးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
(သတင်းအရင်းအမြစ်- နိရဉ္စရာသတင်းဌာန)